COMPANY

tagrit icon

ကျွန်တော်က TAGRIT Companyရဲ့Managing Directorဖြစ်ပါတယ်

ကုမ္ပဏီကို 10.1.2020ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပေမယ့် ကုမ္ပဏီနာမည်ရွေးချယ်မှုကြောင့် ကုမ္ပဏီမှတ်ပုံတင်ရက်စွဲကတော့ 14.1.2020ရက်စွဲနဲ့ ထွက်နေပါတယ်။ ကျွန်တော်အပါအဝင် Directorအဖွဲ့ဝင် (၃)ဦးနဲ့ စတင်ခဲ့ပါတယ်။ TAGRIT Companyကို စတင်တည်ထောင်ဖြစ်သွားတာကတော့ ဂျပန်နိုင်ငံက IT လုပ်ငန်းရှင် Qualy Myanmar Co., Ltd.ရဲ့ CEOဖြစ်တဲ့ ကျွန်တော့်ရဲ့ဆရာလဲဖြစ်တဲ့ Mr. Kazuya Takenoshita ရဲ့တိုက်တွန်းအားပေးမှု၊ ကျွန်တော်ရဲ့အဆက်အသွယ်ကောင်း မိတ်ဆွေကောင်းများရဲ့ကူညီပံ့ပိုးအားပေးမှု၊ ဆွေမျိုးများရဲ့ ဝိုင်းဝန်းအားပေးကူညီမှုတွေကြောင့် ခွန်အားအပြည့်နဲ့စတင်ဖြစ်မြောက်ခဲ့ပါတယ်။ ကုမ္ပဏီရုံးချုပ်ကတော့ ရန်ကုန် ဗိုလ်တစ်ထောင်မြို့နယ်မှာဖြစ်ပြီးတော့ ရုံးခွဲကတော့ မော်လမြိုင် မောင်ငံရပ်ကွက်မှာ ဖွင့်လှစ်ထားပါတယ်။ ကျွန်တော် TAGRITကုမ္ပဏီကို တည်ထောင်ရတဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ဆောင်တဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လုပ်ဆောင်ချင်တယ်။ မိမိတို့နိုင်ငံသာယာလှ‌ပရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးကို တာဆူနေတဲ့ နယ်မြို့နယ်တွေရဲ့ ဆောက်လုပ်ရေးပိုင်းမှာပါဝင်လုပ်ဆောင်ချင်တယ်။ လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်းများပေးချင်တယ်။ စီးပွားရေးကိုတိုးချဲ့လုပ်ကိုင်နေတဲ့လုပ်ငန်းရှင်များရဲ့ လိုအပ်ချက်များကို ကူညီချိတ်ဆက်လုပ်ကိုင် ဝန်ဆောင်မှုများပေးချင်တဲ့အတွက်ကြောင့် TAGRIT Companyကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်ဘက်ကတော့ အကောင်းဆုံးကြိုးစားလုပ်ဆောင်သွားမှာပါ။ ယခုကျွန်တော်ရဲ့ TAGRIT Websiteမှာ ဝင်ရောက်ဖတ်ရှုလေ့လာနေသော လူကြီးမင်း၏စီးပွားရေးလုပ်ငန်းအတွက် အသုံးဝင်လိုအပ်ခဲ့မယ်ဆိုရင် အချိန်မရွေးဆက်သွယ်ပါခင်ဗျာ။ TAGRIT Companyကအမြဲအဆင်သင့်ရှိနေပါတယ်။ အတူတူလက်တွဲလုပ်ကိုင်ကြပါစို့!

Facebook